Saturday, September 22, 2012
ဂြိုလ်သားနဲ့ တူတဲ့ လူသား
အလွန်ကို ရှားပါးပြီး အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါတစ်ခုကို ခံစားနေရသူကတော့ Leon Botha ပဲဖြစ် ပါတယ် ။ သူဟာ လွန်စွာ ထူးဆန်းတဲ့ ရောဂါဆန်းတစ်ခု ဖြစ်တဲ့ Progeria ဆိုတဲ့ ရောဂါကို ခံစား နေရပါတယ် ။ Progeria ဆိုတာကတော့ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အသက်ကြီးတဲ့ လက္ခဏာကို ခံစာရတဲ့ ရောဂါ ဖြစ်ပါတယ် ။
Gene တစ်ခုဟာ Mutant ဖြစ်ပြီး လူခန္ဓာကိုယ် တစ်ခုလုံးကို ပြောင်းလဲစေခြင်းပဲ ဖြစ်ပါတယ် ။ Mutant ဆိုတာ ကတော့ gene တွေ ပုံ သဏ္ဍာန်ပြောင်းလဲခြင်းလို့ အလွယ်တကူမှတ်ယူ နိုင်ပါတယ် ။ Progeria ရောဂါနဲ့ မွေးဖွား လာသူဟာ နှစ်ပေါင်း ၃၀ လောက်တော့ အသက်ရှင်လျှက်နေထိုင် နိုင်ပါတယ် ။ အချို့ ကတော့ ဆယ်ကျော် သက် အသက်နှစ်ဆယ်လောက်ထိပဲ အသက်ရှင်ဖို့ အခွင့်အလမ်းရှိပြီး လွန်စွာ ရှားပါးသော တစ်ယောက် တစ်လေ မှသာလျှင် အသက် ၄၀ လောက်ထိကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ် ။
ဒီရောဂါ ဖြစ်စဉ်ဟာ အလွန်ဖြစ်ပွားမှု နည်းပါးပြီး 8 million အရှင်မွေးတွေမှာမှ ၁ ယောက်သာလျှင် ဖြစ်နိုင်ပါတယ် ။ ဒီ Leon Botha ဆိုတဲ့ လူကတော့ Progeria ရောဂါခံစားနေရပြီး အသက် ၂၄ ရှိပြီဖြစ်ပါတယ် ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ သူဘယ်လောက်ထိ ဆက်လက် အသက်ရှင်နိုင်မလဲဆိုတာ မသိနိုင်ပါဘူး ။ ဒါပေ မယ့် သူကတော့ တကယ့်ကို ဂြိုလ်သားပုံသဏ္ဍာန်နဲ့ ဆင်တူလှပါတယ် ။
ဒီရောဂါအကြောင်းကို အခြေခံပြီးတော့ Mr.Amitabh က bollywood movie PAA မှာ AURO ကို ဖန်တီး ခဲ့ပါတယ် ။
ကဲ ကျွန်တော်တို့အားလုံး Leon Botha ဆိုတဲ့ လူ ဆက်လက် ပြီး နှစ်ပေါင်း များစွာ အသက်ဆက်ရှင်သန်နိုင်ဖို့ ဆု တောင်း ကြရအောင် ။
" Leon Botha ခင်ဗျား နောင်နှစ်ပေါင်းများစွာ ကမ္ဘာမြေကြီးပေါ်မှာ ဆက်လက် ရှင်သန်နိုင်ပါစေ "
လေပြေ
Subscribe to:
Post Comments (Atom)
Contributors
Archive
-
▼
2012
(19)
-
▼
September
(15)
- ကမ္ဘာ့အကြီးဆုံးငါး
- ၁၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တက်တူးပွဲ
- ထူးဆန်းသောသတ္တ၀ါ လူပျံတော် Mothman
- ဒီငှက်မျိုး မမြင်ဖူးဘူး
- Switzerland နိုင်ငံမှ ရွှံ့လူးပွဲတော်
- ဂြိုလ်သားနဲ့ တူတဲ့ လူသား
- ကမ္ဘာ့အကြီးဆုံး Baseball ရိုက်တံ
- ရေထဲမှ Pamplona ကျွဲခတ်ပွဲတော်
- အကြီးမားဆုံး Jellyfish
- IRAN မှာရှိတဲ့ Troglodyte ရွာကလေး
- တော်လိုက်တဲ့ ဘာသာပြန်ဆရာ
- မောင်
- *မ**
- ပျော်ရွှင်ခြင်း (၁ဝ)ခု
- မေ့မှာ စိုးလို့
-
▼
September
(15)
0 comments:
Post a Comment