Saturday, September 22, 2012

ကမ္ဘာ့အကြီးဆုံးငါး

Whale Shark လို့ခေါ်တဲ့ ဝေလငါးအနွယ်ဝင်ငါးမန်းတွေဟာ Rhincodon typus မျိုးအုပ်စုတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဟာဖြည်းဖြည်းချင်း ရွေ့လျှားတတ်တဲ့ အသားစားငါမန်းမျိုးဖြစ်ပြီး သက်ရှိငါးမျိုးစိတ်တွေထဲမှာတော့ အကြီးဆုံးပဲဖြစ်ကြပါတယ်။ သူတို့ဟာ အရှည်အားဖြင့် ၁၂.၂ မီတာ ထိကြီးထွားနိုင်ပြီး အလေးချိန်အားဖြင့် ၁၃.၆တန် ထိလေးနိုင်တဲ့အကောင်တွေဖြစ်ပါတယ်။ ဒီငါးမန်းတွေကို ပူနွေးတဲ့ဒေသတွေနဲ့သမုဒ္ဒယာအပူပိုင်းတွေမှာ တွေ့ရလေ့ရှိပြီး သူတို့ဟာ ပင်လယ်ဝတွေမှာနေလေ့ရှိတယ်။ နှစ်ပေါင်း ၇၀ နီးပါလောက်အသက်ရှင်ကြတယ်။ ဒီမျိုးစိတ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀မီလီယံလောက်ကတည်းက ရှိကြတယ်လို့ ယူဆရပါတယ်။



၁၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တက်တူးပွဲ






၂၀၁၁ ခုနှစ် ဧပရယ် ၁၆ ရက်နေ့ ။ လူနှစ်ဦးက Frankfurt မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ တက်တူး ပွဲတော် မှာ သူတို့ရဲ့ ဦးခေါင်းတွေက တက်တူးအသစ်တွေကို ပြသနေပုံဖြစ်ပါတယ် ။ အပြည်ပြည်ဆိုင်ရာ တက်တူး ပွဲတော်ကို စနေနေ့ကကျင်းပခဲ့ပြီး ကမ္ဘာအရပ်ရပ်က စိတ်ဝင်စားသူတွေကို ဆွဲဆောင်နိုင်ဖို့အတွက် အပြိုင် ဆိုင် တက်တူးရုပ် အလှတွေ ပြသခဲ့ကြခြင်းပဲဖြစ်ပါတယ် ။

ထူးဆန်းသောသတ္တ၀ါ လူပျံတော် Mothman

ထူးဆန်းသောသတ္တ၀ါ လူပျံတော် Mothman



မျက်မြင်တွေ့ဖူးသူများဆွဲပြသော ပုံကြမ်း

Mothman ဆိုတာဟာ အလွန်ထူးဆန်းတဲ့ ဒဏ္ဍာရီဆန်တဲ့အကောင်တစ်မျိုးဖြစ်ပြီး ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ မှ ၁၉၆၇ ဒီဇင်ဘာ ၁၅ ရက်နေ့ အတွင်းမှာ အနောက် ဗာဂျီးနီးယားပြည်နယ်ဧရိယာတစ်ဝှိုက်မှာ မြင်တွေ့ ခဲ့ ရတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြခဲ့ပါတယ် ။ စာရေးသူ John Keel သူ့ရဲ့ ၁၉၇၅ ခုနှစ်မှာ ထုတ် လုပ်ကျော်ကြားခဲ့တဲ့ The Mothman Prophecies ဆိုတဲ့စာအုပ်မှာ ဒီလူပျံတော်အကောင်တွေဟာ သဘာဝ အလျှောက်ထူးဆန်းတဲ့အခြေအနေမျိုးရှိတဲ့ နေရာဒေသတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ် ။

ဒီငှက်မျိုး မမြင်ဖူးဘူး

ဒီလိုငှက်မျိုး အရင်ကတစ်ခါမှ မမြင်ဖူးပါဘူ ။ မျက်နှာကို အမွှေးအမျှင်တွေက ဖုံးအုပ်နေပြီး မျက်လုံးကိုမ မြင်ရလောက်အောင်ပါပဲ ။ အဝေး ကနေကြည့်မိရင်တော့ အမွှေးပွအရုပ်လေးတစ်ရုပ်လို့ ထင်မိမှာပါ ။ ဒါပေမယ့် မယုံမရှိပါနဲ့.. ဒါဟာ ငှက်အစစ်ပါတဲ့ ။ အမွှေးတွေက အစိမ်းရောင်သန်းနေပြီး တစ်မျိုးချစ်စဖွယ် ကောင်းလှပါတယ် ။


Switzerland နိုင်ငံမှ ရွှံ့လူးပွဲတော်



Paleo ဆိုတာ Switzerland နိုင်ငံရဲ့ အကြီးဆုံး ဂီတပွဲတော်ကြီးတစ်ခု ဖြစ်ပါတယ် ။ New York မှာ ၁၉၆၉ မှစတင်ပြီး ကျောင်းသားတွေနဲ့ ပွဲတော်လာသူတွေဟာ နှစ် ၄၀ ပြည့် ဂီတပွဲတော်မှာ ရွှံ့တွေနဲ့ လူးခဲ့ခြင်းအားဖြင့် သူတို့ရဲ့ ပျော်ရွှင်မှုတွေကို ထုတ်ဖော်ပြသခဲ့ကြပါတယ် ။ ဒီအဖွဲ့အစည်းပွဲတော်ရဲ့ အဆိုအရ " ကမ္ဘာမြေပေါ်သို့ တဖန် " ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ စိတ်လှည့်စားမှု ဥာဏ်ကွန့်မြူးမှုနဲ့ ၁၀၀ ရာခိုင်နှိုင်း ပြန်လည်အသုံးပြုမှု Recyclable တို့ကို ရည်ညွှန်းပါတယ် ။

ဂြိုလ်သားနဲ့ တူတဲ့ လူသား





အလွန်ကို ရှားပါးပြီး အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါတစ်ခုကို ခံစားနေရသူကတော့ Leon Botha ပဲဖြစ် ပါတယ် ။ သူဟာ လွန်စွာ ထူးဆန်းတဲ့ ရောဂါဆန်းတစ်ခု ဖြစ်တဲ့ Progeria ဆိုတဲ့ ရောဂါကို ခံစား နေရပါတယ် ။ Progeria ဆိုတာကတော့ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အသက်ကြီးတဲ့ လက္ခဏာကို ခံစာရတဲ့ ရောဂါ ဖြစ်ပါတယ် ။

ကမ္ဘာ့အကြီးဆုံး Baseball ရိုက်တံ







ရေထဲမှ Pamplona ကျွဲခတ်ပွဲတော်

ရေထဲမှာကျင်းပတဲ့ ဒီပွဲတော်ကို Pamplona ကျွဲခတ်ပွဲတော်လို့ခေါ်ပါတယ် ။ အလွန်ကို အသက်အန္တရာယ်များပြီး ဒါဏ်ရာ ရဖို့ လက်တကမ်းမှာရှိပါတယ် ။ ဘာကြောင့် ဒီလိုအလုပ်ကိုလုပ်ရတာပါလဲ ။ နာမည်ကြီးချင်လို့လား ကျွန်တော် ကတော့ဒါကို စွန့်စားမှုတစ်ခုလို့ မမြင်ပါဘူး ။ရူးသွပ်တဲ့ အလုပ်တစ်ခုလို့ပဲ မြင်မိပါတယ် ။ ကဲ ဘာပဲ ပြောပြော ရင်ခုန်ဖွယ် ပွဲတော်ကို ကျွန်တော်တို့ကြည့်ကြရအောင်လား ။




ဝှေ့သာ ဝှေ့လိုက်လို့ရတော့ ကွာ တခါတည်းမျိုးတုန်းလောက်တယ် ဟင်း ။

အကြီးမားဆုံး Jellyfish






IRAN မှာရှိတဲ့ Troglodyte ရွာကလေး





















Kandovan မှာရှိတဲ့ Sandovan တောင်ခြေရင်းမှာတည်ရှိပြီး Iran ရဲ့ အရှေ့မြောက်ဖက်မှာတည်ရှိပါတယ် ။ ဒီရွာသားတွေဟာ မီးတောင်သေတွေမှ ရရှိတဲ့ကျောက်တုံးတွေနဲ့ ဂူပုံစံတွေတည်ဆောက်ပြီး နေထိုင်ကြတာဖြစ်ပါတယ် ။ အချို့အိမ်လေးတွေဟာ နှစ်ပေါင်း ၇၀၀ ကျော်ပြီ ဖြစ်ပါတယ် ။ အရမ်းကိုစိတ်ဝင်စားဖွယ်ကောင်းပြီး အံ့သြစရာလည်း ကောင်းလှပါတယ် ။ ဒါ့အပြင် သူတို့မှာ လျှပ်စစ်မီးလည်း ရှိပါတယ်တဲ့ ။


လေပြေ

Sunday, September 9, 2012

တော်လိုက်တဲ့ ဘာသာပြန်ဆရာ

တော်လိုက်တဲ့ ဘာသာပြန်ဆရာ
How Old are You      မင်းဘယ်လိုအိုသွားတာလဲ
How long have you been in Singapore     မင်းကစင်ကပူမှာဘယ်လိုရှည်လာတာလဲ
Quite well      တော်တော်လေးကေင်းတဲ့ရေတွင်း
well Done      ရေတွင်းပြိးသွားပြီ
Quite right     တော်တော်လေးကောင်းတဲ့ညာဘက်
Turn right      အမှန်ကိုလှည့်ပါ
Turn left      အမှန်ကိုလှည့်ပြီးထားခဲ့
Hand round    လက်ကိုပတ်ပါ
By the way     လမ်းမကြီးအားဖြင့်
Next door      နောက်တံခါးတချပ်
How’s Going    ဘယ်လိုသွားမှာလဲ
Get into bed   အိပ်ယာထဲဝင်သည်
Dressing table   စားပွဲခုံအ၀တ်လဲနေသည်
Getting Out    အပြင်တွင်ရသည်
Getting in     အထဲတွင်ရသည်
All right     အားလုံးညာဘက်
Make up your mind     မင်းစိတ်ကိုမိတ်ကပ်လိမ်းပါ
Try on      အပေါ်တွင်ကျိုးစားပါ
To day what is your brakefast      ဒီနေ့မင်းပထမဆုံးဘာကိုချိုးလိုက်တာလဲ
Keep an eye      မျက်လုံးတဘက်သိမ်းထားပါ
Long gone      အရှည်ကြီးသေသွားပြီ
Switch on      အပေါ်တွင်ဖွင့်သည်
Watch out      အပြင်မှာစောင့်ကြည့်သည်
Go out with date      နေ့စွဲနှင့်အပြင်ထွက်သည်
Everything will be all right      အားလုံးညာဘက်တွေဘဲဖြစ်သွားမှာပါ
I am not feeling well      ငါဘယ်လိုမှ ရေတွင်းကိုခံစားလို့မရဘူး
Hurry up      အပေါ်မြန်မြန်လုပ်
Poor you      မင်းဆင်းရဲလိုက်တာ
Back off      နောက်ဘက်ကိုပိတ်ပါ
မျက်နှာလာမလုပ်နဲ့      Non’t do face
ကျွဲပါးဆောင်းတီးမလုပ်နဲ့       Don’t pay gita near buffalo










ရီသောသူအသက်ရှည်၏


လေပြေ

မောင်

မောင်…. ကျွန်မ အနားမှာပဲနေပါ
မောင်က ကျွန်မအပိုင်ပါ….
ကျွန်မနဲ့ ဝေးတဲ့နေ၇ာ မသွားပါနဲ့
မောင်…ကျွန်မ၇င်ခွင်ထဲမှာပဲနေပါ….
မောင်က ကျွန်မနှလုံးသားပါ
ကျွန်မနဲ့ဝေးတဲ့နေ၇ာ မသွားပါနဲ့
မောင်….ကျွန်မ အမိန့်တွေနာခံပါ
မောင်က ကျွန်မ၇ဲ့အကျဉ်းသားပါ
ကျွန်မ အနားက ထွက်မပြေးပါနဲ့
မောင် …..ကျွန်မကိုပဲကြည့်ပါ…
မောင်က ကျွန်မ၇ဲ့ အာ၇ုံပါ….
ကျွန်မနဲ့အဝေးကြီးမှာ မနေပါနဲ့…
မောင်…ကျွန်မကိုပဲချစ်ပါ…
မောင်က ကျွန်မ၇ဲ့ အချစ်ဥိးပါ…
ကျွန်မကို ဥပေက္ခာမပြုပါနဲ့..
မောင်.. ကျွန်မ ကို မချစ်နိုင်တော့ဘူးဆို၇င်လဲ…
ကျွန်မကိုထားမသွားနဲ့…
မောင်….ကျွန်မနောက်မှာနေခဲ့ပါ….
မောင်ထားသွားတာ မခံနိုင်လို့
ကျွန်မပဲမောင့်ကို ထားသွားမယ်နော်

လေပြေ

*မ**

အချိန်တိုင်းမှာ “မ” ပါလို့ မပြောပေမယ့်
အတွေးတွေးထဲမှာ “မ” ရှိနေတာ အမှန်ပါ။
အချိန်တိုင်းစက္ကန့်တိုင်းတော့ မဟုတ်ပေမယ့်
သတိရတဲ့အချိန်လေး “မ” ရဲ့လေးမှာ ချိုသာလှတဲ့ စကားသံလေးတွေကို
နားထောင်ချင်နေမိတာ တော့ အမှန်ပါ ။
နောက်ဆုံတော့ “မောင့်” ကို “မောင်” သိလိုက် ပြီး “မ’ ကိုချစ်နေမိတယ်ဆိုတာလေးကိုပေါ့
တကယ်ပါ သိပ်ချစ်တယ်လို့ မပြောရဲပေမယ့်
ချစ်နေမိမှာ အဝေးထွက်သွားတဲ့ “မ’ ကို လွမ်းဆွတ်ရင်နဲ့ ပြန်အလာကိုစောင့်မျှော်လျက်


လေပြေ

ပျော်ရွှင်ခြင်း (၁ဝ)ခု



ပစ္စည်းဥစ္စာ

ငွေကြေးနဲ့ ပျော်ရွှင်ခြင်းကို အတိုင်းအတာတစ်ခုအထိ ဝယ်ယူလို့ရနိုင်သလို ရာထူး၊ နေရာတွေကိုလည်း ဝယ်ယူလို့ရနိုင်ပါတယ်။ ဒါပေမဲ့ စားဝတ်နေရေးဆိုတာကို ဖြေရှင်းနိုင်ပြီးနောက် သင့်မှာရှိတဲ့ပိုလျှံတဲ့ ငွေတစ်ပြားတစ်ချပ်တိုင်းရဲ့ အရေးပါမှုဟာ သေးသထက်သေးငယ်သွားပါတယ်။

လိုအင်ဆန္ဒ

လိုအင်ဆန္ဒက ပျော်ရွှင်ခြင်းရဲ့ရန်သူဖြစ်တယ်။ ရောင့်ရဲတင့်တိမ်နိုင်သူမှ ပျော်ရွှင်တယ်။ ဆန်းစစ်ချက်အရ တခြားလူနဲ့ အနိမ့်အမြင့် မနှိုင်းယှဉ်ဘဲရတဲ့ ပျော်ရွှင်မှုဟာ ဝင်ငွေကောင်းလို့ရတဲ့ ပျော်ရွှင်မှုထက် ငါးဆလို့ဆိုပါတယ်။

အသိဉာဏ်

အသိဉာဏ်ရဲ့ပံ့ပိုးမှုဟာလည်း ပျော်ရွှင်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ ဆန်းစစ်ချက်အရ ပိုထက်မြက်တဲ့လူဟာ အလိုဆန္ဒပိုများကြောင်း တွေ့ရတယ်။ ပိုမြင့်တဲ့ အောင်မြင်မှုကိုမရလေ ဆန္ဒမပြည့်ဝလေ မပျော်ရွှင်လေဖြစ်တယ်။ နောက်ပြီး အသိဉာဏ်မြင့်တိုင်း လူလူချင်း ပေါင်းသင်းဆက်ဆံရေးကို အဆင်ပြေချောမွတ်အောင် လုပ်နိုင်စွမ်းရှိတယ်လို့ မဆိုသာပါဘူး။

မျိုးရိုးဗီဇ

ပျော်ရွှင်ခြင်းရဲ့အတိုင်းအတာတစ်ခုဟာ မွေးရာပါကလာတာဖြစ်တယ်။ ပျော်ရွှင်ခြင်းကို သိနားလည်၊ ခံစားနိုင်တဲ့ ၉ဝ%အတိုင်းအတာက မျိုးရိုးဗီဇကြောင့်ဖြစ်တယ်။ တစ်ပြိုင်တည်းမှာပဲ မိဘတွေရဲ့ မှန်ကန်တဲ့ အတွေးအမြင်၊ ဆုံးဖြတ်ချက်နဲ့ ကောင်းမွန်တဲ့ ဆုံးမသွန်သင်မှုတွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။

အလှအပ

လှပတဲ့လူတွေ ပိုပျော်ရွှင်တယ်ဆိုတဲ့စကားက လူအများအတွက် သတင်းဆိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ သင်လှတယ်လို့ သင့်ကိုယ်သင်ယုံကြည်ဖို့ပဲ လိုအပ်ပါတယ်။ မိန်းကလေးတွေလည်း ကိုယ့်ကိုယ်ကို အရမ်းဝတယ်လို့ အမြဲမထင်ဖို့နဲ့ ယောက်ျားလေးတွေကလည်း ကိုယ့်ကိုယ်ကို မခန့်ဘူး၊ မတောင့်တင်းဘူးလို့ အမြဲမထင်ဖို့ပဲလိုပါတယ်။

သူငယ်ချင်း

သူငယ်ချင်းဆိုတာ ပျော်ရွှင်ခြင်းရဲ့ ရေသောက်မြစ်ဖြစ်တယ်။ ပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ ဝင်ငွေနဲ့ ရာထူးအနိမ့်အမြင့် မတူတဲ့လူတွေမှာ တူညီတဲ့ပျော်ရွှင်မှုတွေ ရနေတာဟာ သူငယ်ချင်းတွေကြောင့်လို့ ဆိုပါတယ်။

အိမ်ထောင်ရေး

အိမ်ထောင်ကျသူဟာ အိမ်ထောင်မကျသူတွေထက် ပိုပျော်ရွှင်တာတွေ့ရတယ်။ ကမ္ဘာ့သိပ္ပံပညာရှင်တွေရဲ့ သဘောတူဆွေးနွေးချက်မှာ အပျော်ရွှင်ဆုံး စိတ်ခံစားချက်ဟာ အိမ်ထောင်ကျပြီး နောက်တစ်နှစ်အထိ ရှိနိုင်ကြောင်း တွေ့ရတယ်။

ကိုးကွယ်ယုံကြည်မှု

ဒါဟာလည်း ပျော်ရွှင်ခြင်းနဲ့ တနည်းနည်း သက်ဆိုင်နေခဲ့ပါတယ်။ ယုံကြည်ကိုးကွယ်မှုက ကံမကောင်းခြင်း၊ ဘေးဆိုးကဒ်ဆိုးတွေကို မောင်းထုတ်နိုင်တဲ့ လူလူချင်း တစ်ယောက်ကိုတစ်ယောက် ကူညီအားပေးနိုင်တဲ့ အကျိုးကိုဖြစ်စေပါတယ်။

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာဟာလည်း ပျော်ရွှင်ခြင်းကိုဖြစ်စေကြောင်း လူအနည်းစုလောက်သာ သိခဲ့ကြတယ်။ ကောင်းမှုလုပ်တဲ့သူ၊ ချစ်ခြင်းမေတ္တာဖြန့်ဝေသူတွေဟာ ပိုပျော်ရွှင်တာကိုတွေ့ရတယ်။ ဒါပေမဲ့ ဒီလိုပျော်ရွှင်ခြင်းက ကိုယ်ကျိုးမငဲ့တဲ့၊ စေတနာရှိတဲ့ ပေးဆပ်ခြင်းနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။

အသက်အရွယ်

အသက်အရွယ်ကြီးသူတွေဟာ ပိုပျော်ရွှင်ကြတယ်။ အသက်အရွယ် ကြီးရင့်အိုမင်းလာသည့်နည်းတူ အသက်ကြီးသူတွေဟာ ပျော်ရွှင်နိုင်မယ့်အရာတွေကိုပဲ ဖမ်းဆုပ်တတ်ဖို့ ပိုနားလည်လာခဲ့ကြတယ်။ ပြဿနာဖြစ်စေတဲ့၊ စိတ်ညစ်စေတဲ့အရာကို အလွယ်တကူ လက်လွတ်တတ်ဖို့ သူတို့နားလည်ခဲ့ကြတယ်။
 
လေပြေ

မေ့မှာ စိုးလို့


\"\"

နူတ်ဆက်ပြီး လမ်းမခွဲ ခဲ့ပေမဲ့
တို့ နှစ်ယောက်လုံး
အလိုက်တသိ
ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ပြီ….

မလိုအပ်တော့တဲ့
ဆုံစည်းမှုကြောင့်
နောင်တ တစုံတရာ မရမိတဲ့ အတွက်
မျက်ရည်မကျဖူး… အသည်းမကွဲဖူး…။



တကယ်..မချစ်ခဲ့လို့တော့ မဟုတ်ရပါဖူး…။

ငါ့ခံစားချက်တွေက
ပေးဆပ်ခြင်း မဟုတ်ခဲ့ဖူး
ရယူခြင်းလို့လဲ မဆိုနိုင်ဖူး..
ငါ ချစ်လို့ကို…ချစ်ခဲ့တာ

တချိန်တုန်းက မင်းရဲ့ အပြုံးက
ငါ့ နှလုံးသားကို
ရစ်မူးသာယာခဲ့စေသလောက်
ခု…
နစ်မွန်း သေစေ လောက်တယ်…။

တခါမှ မတွဲခဲ့ဖူးတဲ့
မင်း..လက်တစုံကို
တခြားသူ….
လက်တစုံ နဲ့တွဲပြီး မြင်ယောင်လေလေ..
မင်း ပျော်မှာကို တွေးမိပြီး…
ငါ့ရင်မှာ နာကျင်မိ လေ.လေ..။

ဒဏ်ရာနဲ့ ၇ှင်သန်နေပေမဲ့
ငါလျှောက်တဲ့ လမ်းက မှန်တယ်….။
မျှော်လင့်ချက်မဲ့နေပေမဲ့
ငါ့ဝိဥာဉ်က ရှင်သန်နေတရ်ယယယ

မတမ်းတပေမဲ့….
လွမ်းသလိုလို အမြဲ…
အမှတ်တရ မဟုတ်ပေမဲ့
အမှတ်ရရ ၇ှိနေချင်လို့..
ချစ်သူရယ်
မေ့မှာစိုးလို့… မုန်းမိတရ်……။
 
လေပြေ