Saturday, September 22, 2012

ကမ္ဘာ့အကြီးဆုံး Baseball ရိုက်တံ











Louisville Slugger ပြတိုက်ဟာ ပတ်ဝန်းကျင်မှ အဆောက်အအုံများစွာနဲ့ ကွဲပြားခြားနားလို့နေပါတယ် ။ ထူးခြား ချက်ကတော့ ပေ ၁၂၀ မြင့်တဲ့ ဘေ့စ်ဘော ရိုက်တံကြီးဟာ ဒီပြတိုက်ဘေးမှာ ထောင်ရက်သား စိုက်ထူး ထားလို့ပဲ ဖြစ်ပါတယ် ။ စတင်ပြီး ဘော့စ်ဘောရိုက်တံကြီး ပြုလုပ်တဲ့ နှစ်ဟာ ၁၉၉၅ ဖြစ်ပြီး ၂၄ တန်အလေး ချိန်ရှိပါတယ် ။ အခေါင်းပေါက် carbon steel နဲ့ ပြုလုပ်ထားပြီး ၁၉၂၀ ၀န်းကျင်က Babe Ruth အသုံးပြုခဲ့တဲ့ ဘေ့စ်ဘော ရိုက်တံနဲ့ ဆင်တူအောင်ပြုလုပ်ထားတာ ဖြစ်ပါတယ် ။ အဲဒီတုန်းက Babe Ruth အသုံးပြုခဲ့တဲ့ ရိုက်တံဟာ ၃၄ လက်မ ရှည်ပါတယ် ။

လေပြေ

0 comments:

Post a Comment