Wednesday, November 21, 2012

I want to

တွဲသွားတွဲလာ
လက်တွဲမခွာဘဲ
တစ်သက်မခွဲမခွာ
နေချင်တယ်။
 လပြည့်ဝင်းရုးံ
ချစ်သူအပြုံးကို
နေ့စဉ်ရက်များ
နာရီမခြားဘဲ
ထိုင်ကာငေးမော
ကြည့်ချင်တယ်။
တစ်ခါတစ်လေ
မူပိုတွေနှင့်
ဆိုးနေဟန်ပြ
ချစ်သူလှကို
မှေးကလေး..မကာ
ချော့ချင်တယ်။
ချစ်သူကပြုးံ
ကိုယ်ကပြုးံနှင့်
ပခုးံချင်းယှဉ်ကာ
စဉ်မကွာဘဲ
မွေးမွေးလေးတွေ
ပေးချင်တယ် ။                                     လေပြေ

I want to

Tuesday, October 30, 2012

တပွင့်ပန်း

ပန်းကလေးတွေ 
ဆန်းပေမဲ့ 
ကိုယ့်အတွက်တော့ 
တပွင့်တည်း
 လန်းစေတာပါမေ...။
တစ်ပွင့်ထဲပေမို့
ပိတုန်းတွေ
ဝေမှာစိုး
စိုးထိပ်လို့နေ..........။
မေငဲ့ညှာလျှင်
မောင်သက်သာမှာပေါ့
မေမငဲ့ညှာ
တမင်တကာစိမ်း
ပိတုန်းတွေဆီကို
တိမ်းရင်ဖြင့်
ဝေဒနာတွေ
ရင်မှာသိမ်းလို့ရယ်
ဒီတစ်သက်
ကြိတ်.......
မှိတ်........
လွမ်း.......
ဆွေးလျှက်
နေသွားတာပေါ့........။    လေပြေ

Monday, October 29, 2012

ဆန္ဒ

မြင်နေရလဲ
မကြင်ရပေ
တွေ့နေရလဲ
မခေါ်ရရက်တွေ များပြီးလေ
သူသွားရာလမ်း
လက်ဆန့်တန်းလျှက်
သူမရှေ့တွင်
ခြေစုံကိုရပ်
အနားကပ်လို့
စကားလေးတစ်ခွန်းလောက်ပြောချင်သည်
သြော်........
ဆန္ဒတွေကို
ရင်မှာမျိုသိပ်
တိတ်တဆိတ်နဲ့
နေရပေါင်းလည်း
များပါပြီး......(ဟင်း)
                               လေပြေ

Saturday, September 22, 2012

ကမ္ဘာ့အကြီးဆုံးငါး

Whale Shark လို့ခေါ်တဲ့ ဝေလငါးအနွယ်ဝင်ငါးမန်းတွေဟာ Rhincodon typus မျိုးအုပ်စုတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဟာဖြည်းဖြည်းချင်း ရွေ့လျှားတတ်တဲ့ အသားစားငါမန်းမျိုးဖြစ်ပြီး သက်ရှိငါးမျိုးစိတ်တွေထဲမှာတော့ အကြီးဆုံးပဲဖြစ်ကြပါတယ်။ သူတို့ဟာ အရှည်အားဖြင့် ၁၂.၂ မီတာ ထိကြီးထွားနိုင်ပြီး အလေးချိန်အားဖြင့် ၁၃.၆တန် ထိလေးနိုင်တဲ့အကောင်တွေဖြစ်ပါတယ်။ ဒီငါးမန်းတွေကို ပူနွေးတဲ့ဒေသတွေနဲ့သမုဒ္ဒယာအပူပိုင်းတွေမှာ တွေ့ရလေ့ရှိပြီး သူတို့ဟာ ပင်လယ်ဝတွေမှာနေလေ့ရှိတယ်။ နှစ်ပေါင်း ၇၀ နီးပါလောက်အသက်ရှင်ကြတယ်။ ဒီမျိုးစိတ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀မီလီယံလောက်ကတည်းက ရှိကြတယ်လို့ ယူဆရပါတယ်။



၁၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တက်တူးပွဲ






၂၀၁၁ ခုနှစ် ဧပရယ် ၁၆ ရက်နေ့ ။ လူနှစ်ဦးက Frankfurt မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ တက်တူး ပွဲတော် မှာ သူတို့ရဲ့ ဦးခေါင်းတွေက တက်တူးအသစ်တွေကို ပြသနေပုံဖြစ်ပါတယ် ။ အပြည်ပြည်ဆိုင်ရာ တက်တူး ပွဲတော်ကို စနေနေ့ကကျင်းပခဲ့ပြီး ကမ္ဘာအရပ်ရပ်က စိတ်ဝင်စားသူတွေကို ဆွဲဆောင်နိုင်ဖို့အတွက် အပြိုင် ဆိုင် တက်တူးရုပ် အလှတွေ ပြသခဲ့ကြခြင်းပဲဖြစ်ပါတယ် ။

ထူးဆန်းသောသတ္တ၀ါ လူပျံတော် Mothman

ထူးဆန်းသောသတ္တ၀ါ လူပျံတော် Mothman



မျက်မြင်တွေ့ဖူးသူများဆွဲပြသော ပုံကြမ်း

Mothman ဆိုတာဟာ အလွန်ထူးဆန်းတဲ့ ဒဏ္ဍာရီဆန်တဲ့အကောင်တစ်မျိုးဖြစ်ပြီး ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ မှ ၁၉၆၇ ဒီဇင်ဘာ ၁၅ ရက်နေ့ အတွင်းမှာ အနောက် ဗာဂျီးနီးယားပြည်နယ်ဧရိယာတစ်ဝှိုက်မှာ မြင်တွေ့ ခဲ့ ရတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြခဲ့ပါတယ် ။ စာရေးသူ John Keel သူ့ရဲ့ ၁၉၇၅ ခုနှစ်မှာ ထုတ် လုပ်ကျော်ကြားခဲ့တဲ့ The Mothman Prophecies ဆိုတဲ့စာအုပ်မှာ ဒီလူပျံတော်အကောင်တွေဟာ သဘာဝ အလျှောက်ထူးဆန်းတဲ့အခြေအနေမျိုးရှိတဲ့ နေရာဒေသတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ် ။